မြန်မာနိုင်ငံရဲ့ အလွန်အဆင့်မြင့်ပြီး ကျွမ်းကျင်သော ကားအလှဆင်လုပ်ငန်း

ကုမ္ပဏီအား မိတ်ဆက်ခြင်း

PRO Logo

ထိုင်ဝမ်မှလာသော “PRO Top Team” ဖြစ်၏။ ၂၀၁၂ ခုနှစ် နွေရာသီမှာ ထိုင်ဝမ်မှလာသော ကားအလှဆင် သန့်ရှင်းရေးဝါသနာ [ ဝါသနာရူး ခေါ်နိုင်သော ] လူတစ်စုဟာ မြန်မာနိုင်ငံရောက်တာနဲ့ လမ်းပေါ်က ကားသန့်ရှင်းမှုအခြေအနေကို မြင်တော့ မြန်မာနိုင်ငံရဲ့ “ကားအလှဆင်” မှုကိုခေတ်သစ်သို့ ပို့ဆောင်ပေး မည်ဟု ဆုံးဖြတ်လိုက်တယ်။ အကယ်၍သင်ဟာ ကားအလှဆင်ခြင်းကို လမ်းဘေးကားဆေးခြင်း၊ ပေါလစ် တိုက်ခြင်း၊ အကြမ်းပတမ်း အရောင်တင်ခြင်း ဘဲလို့ထင်သေးရင် သင်ဟာခေတ်ရဲ့ ရှေ့အလားအလာကို လုံးဝကျောခိုင်းနေပြီ။ ရာသီဥတုရဲ့ ပြင်းထန်စွာပြောင်းလဲမှုကြောင့် ကားများကိုကာကွယ်စောင့်ထိန်းခြင်းမှာ မြင့်မားခက်ခဲလေ၏။

ပြီးတော့ ပတ်ဝန်းကျင်ထိန်းရန် အကြောင်းရပ်ကြောင့် ကားထုတ်လုပ်သူမှာ ကားရဲ့အပြင်ဆေးနှင့် အတွင်းတန်ဆာပစ္စည်းကို အဆက်မပြတ် ပြုပြင်ရ၏။ ဒီလို ဂရက်နှစ်ခုကြောင့် ရိုးရာကားကို အကျိုး ဆောင်ပေးခြင်းဟာ ထိုကဲ့သို့စိန်ခေါ်မှုကို မရင်ဆိုင်နိုင်တော့ပေ။ ကံကောင်းတာက ၂၀၁၂ခုနှစ်မှာ ကျွန်ုပ် တို့က နိုင်ငံတကာအဆင့်မီ ကားအလှဆင် ပရောဂျက်ကို သယ်သွင်းလာစဉ် ကြွယ်ဝသော သယံဇာတ လေ့လာဖော်ထုတ်ခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသည့် ကုန်ထုတ်လုပ်အား အစွမ်းကို အပြည့်အဝ ညှပ်ပါ လာပါတယ်။ ဒီတော့ပြသနာတွေကို အမြဲတမ်း အစပိုင်းမှာပင် အကောင်းဆုံးဖြေရှင်းတဲ့နည်းလမ်းကို ရတယ်။ ထို့ကြောင့် ကျွန်ုပ်တို့ဟာ ကားအလှဆင်လောကမှာ မားမားမတ်မတ် ရပ်တည်နိုင်ပြီး မြန်မာ နိုင်ငံရဲ့ရှေ့ဆောင်ဖြစ်တော့တယ်။

"PRO Top Team" မြန်မာကုမ္ပဏီရဲ့စိတ်မာန်

ကားအလှဆင်တာ လူအများအဖို့ပြောရင် အလွယ်ထဲက လွယ်လွန်းတဲ့ ကိစ္စ တစ်ခုဘဲ။ ဒါပေမဲ့ ကျွန်ုပ်တို့ လို ကားအလှဆင် သီးခြား ပညာအသင်းအတွက်တော့ ဒါလွယ်တဲ့ကိစ္စ မဟုတ်ဘူး။ ကျွန်ုပ်တို့အဖို့ပြောရင် ကားအလှဆင်တာ စိတ်သဘောထား၊ သပ်ရပ်သိမ်မွေ့မှုနဲ့ မေတ္တာစိတ် တမျိုးဖြစ်ပြီး တခုမှ ချို့ယွင်းလို့ မဖြစ်။ ကျွန်ုပ်တို့ အသင်းက လက်ထဲရောက်တဲ့ကားမှန်သမျှကို အလေးထားတယ်။ ကျွန်ုပ်တို့က စိတ်အ ရှည်ဆုံးနည်းနဲ့ ကားကို ယုယလိမ့်မယ်။ ကျွန်ုပ်တို့ကလည်း စေတနာ အမှန်ကန်ဆုံးနဲ့ ကားပိုင်ရှင်တိုင်းကို ဆက်ဆံလိမ့်မယ်။ ကျွန်ုပ်တို့ရဲ့ အကျိုးဆောင်မှုဟာ ကမ္ကာ့ ပထမရယ်လို့ ကျွန်ုပ်တို့အမြဲ ယုံကြည်တယ်။

ကျွန်ုပ်တို့ဟာ အမြဲအသစ်အဆန်း ထွက်ဖို့ တချိန်လုံး ကြိုးစားတယ်။ အကြောင်းက ကျွန်ုပ်တို့ရဲ့အကျိုး ဆောင်မှုဟာ ကားတိုင်းကို အပြည့်အဝ စိတ်တိုင်းမကျစေမှာ စိုးတယ်။ ကျွန်ုပ်တို့မျှော်လင့်တာက ကျွန်ုပ်တို့အကျိုးဆောင်ပြီးနောက် ကားပိုင်ရှင်တိုင်းဟာ အပြုံးမျက်နှာ ပြည့်ရမယ်။ ဒီအပြုံးဟာ ကားပိုင်ရှင် တိုင်းရဲ့ ကျွန်ုပ်တို့အပေါ်ကျေနပ်မှုနဲ့ အားပေးမှုကို ကိုယ်စားပြုတဲ့အပြင် ကျွန်ုပ်တို့အသင်းရဲ့ ရှေ့ဆက် ကြိုးစားရာတွန်းအားလည်း ဖြစ်တယ်။

ရင်းနှီးမြှပ်နှံမှုပြုလုပ်ရန် PRO ကိုဆက်သွယ်ပါ

ရင်းနှီးမြှပ်နှံမှုအခွင့်အရေးကောင်း

လူကြီးမင်းတို့၏ ရင်းနှီးမြှပ်နှံမှုကို ကျွန်ုပ်တို့ PRO CAR BEAUTY SALON မှ ဝမ်းမြောက်စွာ ကြိုဆိုပါသည်။ ရင်းနှီးမြှပ်နှံမှု အသေးစိတ်ကိုသိရှိရန် ကျေးဇူးပြု၍ ကျွန်ုပ်တို့ကို ဆက်သွယ်ပါ။

ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးကောင်း

သင်တန်းသားများလက်ခံနေပါသည်

Car Polishing, Car Beauty နှင့် Car Cleaning သင်တန်းများကို ကျွန်ုပ်တို့ PRO CAR BEAUTY SALON မှ လက်ခံ သင်ကြားပေးနေ ပါသည်။ သင်တန်းအကြောင်းအရာ အသေးစိတ်ကို သိရှိရန် ကျေးဇူးပြု၍ ကျွန်ုပ်တို့ကို ဆက်သွယ်ပါ။

သင်တန်းသားများ လက်ခံနေပါသည်

Follow Up